ရုရှားနိုင်ငံ ဆာမာရာဒေသရှိ တန်းဖိုးမြင့် ရုရှားဒုံးပျံနှင့်အာကာသစင်တာ TsSKB-Progress ကို ဩဂုတ် ၁၄ ရက်ညပိုင်းက ပြည်ထွင်းထုတ် FP-5 Flamingo ခရုဇ်ဒုံးကျည်ဖြင့် ယူကရိန်းဘက်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မီးလောင်ပေါက်ကွဲသွားခဲ့သည်။
ယင်းဒုံးပျံနှင့် အာကာသစင်တာသည် Soyuz-2 အာကာသဒုံးပျံများနှင့် ကမ္ဘာမြေစောင့်ကြည့်ရေးဂြိုဟ်တုများ လုပ်ငန်းစဉ်များစီမံသည့် Roscosmos လက်အောက်မှ အဓိက အာကာသလုပ်ငန်းတစ်ခုဖြစ်သည်။

ယူကရိန်း CyberBoroshno အဖွဲ့က လေကြောင်းတိုက်ခိုက်မှုသည် Soyuz-2 အာကာသလွန်းပျံယာဉ်များတွင် ပစ္စည်းကိရိယာများ ထုတ်လုပ်တပ်ဆင်ထားသည့် အဆောက်အဦ 106A ကို ထိမှန်ဖွယ်ရှိကြောင်း ပြောကြားခဲ့ သည်။
အဆောက်အဦ 106A သည် အာကာသယာဉ်ပေါ်ရှိ လျှပ်စစ်စနစ်များ၊ ကိရိယာများနှင့် ပုံနှိပ်ဆားကစ်ပြားများကို ထုတ်လုပ်တပ်ဆင်ရာ နေရာဖြစ်ကာ ဂြိုဟ်တုများ၏ အာရုံကြောစနစ်၊ ထိန်းချုပ်စနစ်၊ ကေဘယ်လ်ကွန်ရက်နှင့် ကိရိယာတပ်ဆင်သည့် နေရာဟု လေ့လာသုံးသပ်သူများက ဆိုသည်။
အလွန်တန်ဖိုးကြီးမားသော အဆောက်အအုံကြီးကို ဖျက်ဆီးလိုက်နိုင်သည့် FP-5 Flamingo ခရုဇ်ဒုံးကျည်သည် မနှစ်ကမှ ယူကရိန်းစစ်တပ်က ပြည်တွင်း၌ တီထွင်ထုတ်လုပ်ခဲ့သော ဒုံးကျည်ဖြစ်ကာ နယ်စပ်နှင့် မိုင် ၆၀၀ ကျော်ဝေးသည့် နေရာအထိ တိကျစွာပစ်ခတ်နိုင်ခဲ့သဖြင့် ကောင်းမွန်သော စွမ်းဆောင်နိုင်မှုဟု ယူကရိန်းသမ္မတ ဇီလန်းစကီးက ကြုံးဝါးပြောဆိုခဲ့သည်။

Ref:Thesun