၆ လ ကျော်ကြာ ဖမ်းဆီးခံ အွန်လိုင်းဂိမ်း လုပ်ကိုင်သူ မြန်မာ နိူင်ငံသား ၂၀၀ ကျော် တာချီလိတ်အချုပ်ခန်း မှ ကျိုင်းတုံထောင် ပြောင်းရွေ့မည်

၂၀၂၆ ဖေဖော်ဝါရီ ၄ ရက် နေ့က တာချီလိတ်မြို့ လဝက ရုံးဘေးရှိ ကြယ်တံခွန်မိုတယ်အတွင်း ဝင်ရောက် စစ်ဆေးရာမှ အွန်လိုင်းဂိမ်းဆိုဒ်လုပ်ကိုင်နေသူ ထိုင်းနိုင်ငံသားအပါအဝင် မြန်မာနိူင်ငံသား အယောက် (၂၀၀)ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး၊ဖမ်းဆီးထားသောသူများအား အီလက်ထရောနစ် ဆက်သွယ်ရေး ပုဒ်မ ၃၃(က)ဖြင့်အမူ့ဖွင့် စွဲချက်တင်ပြီး

တာချီလိတ်မြို့ရှိ အားကစားရုံမှာ အထူးတရားရုံးအဖြစ် ကြားနာစစ်ဆေးနေတာ ၆လ ကျော် ကြာမြင့် ခဲ့ပြီ ဟုသိရသည်။

အမူ့ ဖွင့် စစ်ဆေးသည့် ၆ လကျော် ကာလ အတွင်း တရားရုံး တွင် ၁၃ ကြိမ်မြောက် ရုံးချိန်းရှိခဲ့ပြီး အမူ့ရင်ဆိုင်နေသူများ မှာလည်း တာချီလိတ် မြို့ပေါ်ရှိ မြို့မ စခန်း ဟောင်လိတ် နှင့် ဝမ်ပုံ စခန်း များရှိ အချုပ်ခန်းများသို့ ပြောင်းရွေ့ပို့ဆောင်ခြင်း ခံရပြီး သြဂုတ် ၂၆ ရက်နေ့မှ ကျိုင်းတုံ ထောင် သို့ ထပ်မံ ပို့ဆောင်မည် ဖြစ်ပြီး အမူ့ကို စက်တင်ဘာလ (၇)ရက်နေ့ ကျိုင်းတုံထောင်တွင် အထူးတရားရုံး ရုံးချိန်းပြန်လည်ပြုလုပ်ပြီးဆက်လက်စစ်ဆေးသွားမည်ဟု သိရှိရသည်။

တာချီလိတ်မှ ကျိုင်းတုံသို့ ပြောင်းရွှေ့ရခြင်းကြောင့် ဖမ်းဆီးခံ မိသားစုဝင်များအနေနဲ့ လတ်တလော မိုးရာသီ သွားလာရေးနှင့် စားဝတ်နေရေးအပိုင်း( ကားခ တည်းခိုစားရိတ်) တွင် ကုန်ကျစားရိတ် ပိုကုန်နိူက်သည့် အချိန်ကုန် ငွေကုန်စသည့် အခက်အခဲများ ရှိလာနိုင်တယ်လို့ ပြောဆိုမူ့များ ရှိလာပါတယ်။

ယခင်က မြန်မာနိူင်ငံသား များ ပါဝင်သည့် အွန်လိုင်းဂိမ်း များ ဖမ်းဆီးရာတွင် ခံဝန် အချုပ်များဖြင့် ပြန်လည် လွတ်မြောက်လေ့ ရှိသလို ရုံးချိန်းမှာလည်း ယခုကဲ့သို့ အချိန်ကာလ ကြာမြင့်ခြင်း မရှိဟု ပြောဆိုမူ့များလည်း ရှိနေသည်။

စစ်ဆေးဖမ်းဆီးချိန် မှ ယခုချိန်ထိ ကြယ်တံခွန်မိုတယ် ဂိမ်းဝက်ဆိုက် ပိုင်ရှင်ကို ဖမ်းဆီး ရမိခြင်း မရှိဘဲ မြန်မာနိူင်ငံသား အများစု သန့်ရှင်းရေးအလုပ်သမား ထမင်းဟင်းချက်သူများ အပါဝင် အွန်လိုင်းဂိမ်းလုပ်ငန်းနှင့် ဆက်စပ်ပြီး အသက်မပြည့်သေးသူများ၊ကိုယ်ဝန်ဆောင်အမျိုးသမီးများ ပါဝင်သည်ဟု သိရှိရသည်။

Ref: https://www.facebook.com/61565506964382/posts/