အမေရိကန်၏ ပိတ်ဆို့မှုများသည် အောင်မြင်မှုရရှိလိမ့်မည်မဟုတ်ဟု အီရန်သမ္မတပြောကြား

အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအစီအစဉ်များသည် အောင်မြင်မှုရရှိလိမ့်မည်မဟုတ်ကြောင်း အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

အီရန်စစ်ပွဲစတင်ခဲ့သည်မှာ ၆ လနီးပါးရှိလာချိန်တွင် အီရန်က အဓိကကျသော ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့ထားဆဲ ဖြစ်သလို အမေရိကန်ကလည်း အီရန်ဆိပ်ကမ်းများကို ရေတပ်ဖြင့်ဆက်လက်ပိတ်ဆို့ထားသည်။

ထို့နောက် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများကို တိုးမြှင့်ခဲ့ပြီး ပိတ်ဆို့မှုများတွင် ပူးပေါင်းပါဝင်ခြင်းမရှိသည့် နိုင်ငံများကိုလည်း အကျိုးဆက်များ ခံစားရမည်ဟု သတိပေးခဲ့သည်။

Ref: https://www.facebook.com/ElevenMediaGroup/posts/