စမ်းချောင်းလမ်းက Bar တစ်ခုမှာ မီးလောင်မှုဖြစ်ပွါး၊ အမျိုးသား (၂) ဦးသေဆုံး

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း၊ စမ်းချောင်းမြောက်ရပ်ကွက်က Bar တစ်ခုမှာ စက်တင်ဘာ ၁၃ ရက် ည ၈ နာရီ ၁၉ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုသတင်းရရှိပြီးနောက် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ အရေးပေါ်ထွက်ခွာခဲ့ပြီး ည ၈ နာရီ ၂၄ မိနစ်မှာ Level 1 ယာဉ်အုပ်စုများ ထပ်မံထွက်ခွာကာ မီးငြှိမ်းသတ်ခဲ့ကြပါတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့များလည်း အခင်းဖြစ်ရာနေရာသို့ သွားရောက်ကူညီခဲ့ကြပြီး ရိုက်ကူးထားတဲ့ Live မှတ်တမ်းများအရ လမ်းပေါ်ရှိ ဝါယာကြိုးများနှင့် ဆိုင်ခန်းဟု ယူဆရသည့် နေရာအချို့မှာ မီးပြင်းထန်စွာ လောင်ကျွမ်းနေခဲ့တာကို တွေ့ရပါတယ်။

ည ၈ နာရီ ၄၁ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး ၈ နာရီ ၄၅ မိနစ်မှာ မီးငြိမ်းသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်အထိ မီးလောင်မှုကြောင့် သေဆုံးသူ အမျိုးသား (၂) ဦးရှိပြီး အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရလို့ ရန်ကုန် ဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Ref: https://www.facebook.com/DailySharingHub/posts/