ကလောမြို့မဈေးတွင် ယာဉ်တိုက်မှုဖြစ် နှစ်ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့ မြို့မဈေးအနီးတွင် ကားနှင့် ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ် ကယ်ရီမောင်းသူ အမျိုးသားတဉီးနှင့် ဆိုင်ကယ်ငှားစီးလာသည့် အမျိုးသမီး တဉီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ယနေ့ အောက်တိုဘာလ (၁၅)ရက် နံနက် ၉နာရီခွဲခန့်တွင် ကလောမြို့မဈေးအနီး လမ်းမပေါ်တွင် ဟိုက်ဂျက်ကားတစီးနှင့် ဆိုင်ကယ် တစီး အရှိန်ဖြင့် တိုက်မိခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် ဆိုင်ကယ်ငှားစီးလာသည့် အမျိုးသမီးတဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ဆိုင်ကယ်ကယ်ရီးမောင်သူ အမျိုးသားဆိုသူသည် ဒဏ်ရာရရှိခဲ့သဖြင့် ကလောဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း နာရီဝက်အကြာတွင် သေဆုံးသွားကြောင်း ဖြစ်စဉ်ကို သိရှိသူ အမျိုးသားတဉီးက ပြောပါတယ်..

“လမ်းကလည်း နဲနဲကျဉ်းတယ်။ ကားတွေကလည်း အရှိန်မလျှော့ကြတော့ ယာဉ်တိုက်မှုတွေ ဖြစ်တာပေါ့၊ ဘယ်သူက မှားလဲ မှန်လဲတော့မသိရသေးဘူး၊ အခုသေတဲ့နှစ်ယောက်ကို ဆေးရုံပို့လိုက်တယ်” ဟု ဖြစ်စဉ်သိရှိသူ ကလောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသူ မဌေးသည် အသက် (၄၀) ဝန်းကျင် သာရှိပြီး ကလောမြို့မဈေးအတွင်း သစ်သီးများရောင်းချသူဖြစ်သည်။

ကလောာမြို့တွင် ယာဉ်တိုက်မှုများ မကြာခဏ် ဖြစ်ပွားလာသဖြင့် ယာဉ်မောင်းသူများ အရှိန်လျှော့ မောင်းနှင်ရန်နှင့် လမ်းဆုံလမ်းခွများတွင်လည်း မီးပွိုင့်များ တပ်ဆင်ပေးရန် လိုအပ်ကြောင်း ကလောဒေသခံ တဦးက ပြောပါတယ်..

ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း ကလောမြို့နယ် အင်းပြင်လမ်း၌ ယာဉ်မတော်တဆဖြစ်၍ တဦးသေဆုံးခဲ့သည်။

Ref: https://burmese.shannews.org/archives/54432

Leave a Reply