အထည်ချုပ်စက်ရုံက အထည်ဖြတ်စက်ကြောင့် ဘယ်ဘက်လက်ညိုးပြတ်သွားသူတစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှုလုပ်ပြီး ပြန်ဆက်ပေးနိုင်ခဲ့တယ်လို့ ဒီနေ့ သတင်းစာမှာ ဖော်ပြပါတယ်။
လက်ပြတ်သွားသူဟာ ဒဂုံမြို့သစ်အရှေ့ပိုင်းအထည်ချုပ်စက်ရုံတစ်ခုက အသက် ၂၃ နှစ်အရွယ် အမျိုးသမီး အလုပ်သမားတစ်ဦးဖြစ်ပါတယ်။
သူဟာ သြဂုတ် ၁၁ ရက် ညနေပိုင်းမှာ ထိခိုက်ခဲ့တာဖြစ်ပြီး ညပိုင်းမှာ ခွဲစိတ်မှုလုပ်ကာ ပြန်ဆက်ပေးခဲ့တာပါ။
ရန်ကုန်ဆေးရုံကြီး လက်ပိုင်းဆိုင်ရာ ခွဲစိတ်ဆရာဝန်အဖွဲ့အပါအဝင် ကျန်းမာရေးပညာရှင်တွေက အချိန် ၄ နာရီခွဲကြာ ခွဲစိတ်မှုပြုလုပ်ပြီး အောင်မြင်ခဲ့တာဖြစ်ပါတယ်။
အခုတော့ သူဟာ ခွဲစိတ်မှုခံယူပြီး တစ်လနီးပါးအကြာမှာ မူလအတိုင်းလက်ကို လှုပ်ရှားနိုင်ပြီဖြစ်လို့ ဆေးရုံဆင်းခွင့်ရခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ နယ်ဘက်က မြို့နယ်တွေမှာရှိတဲ့ ကျန်းမာရေးဌာနတွေကို လမ်းညွှန်ချက်အရ လက်ပြတ်ခြေပြတ်ရင် ပြတ်ထွက်သွားတဲ့အပိုင်းကို ရေသန့်သန့်ဆေး၊ အိတ်သန့်သန့်ထဲထည့်ပြီး ရေခဲပုံးနဲ့ထည့်ပြီးရင် လူနာနဲ့ အတူဆေးရုံလာရင် ပြန်ဆက်လို့ရနိုင်တယ်လို့ သိရပါတယ်။
ပြည်သူ့ဆေးရုံကြီးမှာ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ဒီလိုလက်ပြန်ဆက်တဲ့ ခွဲစိတ်မှု ပေါင်း ၇ ဦး လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။