ပန်ဆန်းတွင် ဆိုင်ခန်းတွဲပြိုကျပြီး ၃ ဦးသေဆုံး

“ဝ” တပ်ဖွဲ့- UWSA ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့မှာ ဆိုင်ခန်းတွဲတွေ ပြိုကျပြီး လူ ၃ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ (သြဂုတ် ၂၁) တွင် ပန်ဆန်းမှ မိုင်းပေါက်သွား အဝိုင်းပတ် အနီးတွင် ဆောက်လုပ်ရေး လုပ်ငန်းလုပ်နေစဥ် ဆိုင်ခန်းတွဲပြိုကျသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဟိုလေ 18 မြူးဇစ်ဘားရှေ့က၊ YGN ဆံပင် ညှပ်ဆိုင်ရှိတဲ့ တိုက်ခမ်းတွဲပြိုကျတာ၊ ညပ်နေတဲ့လူတွေ ဆွဲထုတ်ယူတာတွေ့ရတယ်၊ ၃ ဦးသေတယ်ပြောတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

တိုက်ခန်းတွဲကို အသစ်ဆောက်လုပ်ရန်ပြင်ဆင်ရာမှ ပြိုကျခြင်းဖြစ်ပြီး UWSA အနေဖြင့် ယင်းကိစ္စကို သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

Ref: https://www.facebook.com/MeKongNewsMM/posts/

Ref: https://shwepheemyay.org/