ပြည်သူ့စစ်များ လှုပ်ရှားသည့်နယ်မြေ များတွင် ကျားဖြန့် တရုတ်နိုင်ငံသား ၄၀၀ နီးပါး ဖမ်းမိ

စစ်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များ လှုပ်ရှားသည့်နယ်မြေ ခြောက်မြို့ထက်မနည်းတွင် ကျားဖြန့်လုပ်သူ တရုတ်နိုင်ငံသား ၄၀၀ နီးပါး ဖမ်းမိခဲ့သည်။

မြန်မာ- တရုတ်နယ်စပ် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့၊ မိုင်းရယ်မြို့တို့အပြင် ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့၊ နမ့်စန်မြို့နှင့် မြန်မာ- ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်၊ ကျိုင်းတုံမြို့တို့တွင် အများဆုံးဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မူဆယ်မြို့တစ်မြို့တည်းမှာပင် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၈၀နှင့် မြန်မာနိုင်ငံသား ၃၀ ကျော် ဖမ်းဆီးရမိထားသည်။

ထိုသို့ မကြာခဏ ဖမ်းဆီးမှုပြမှုများ ရှိနေသော်လည်း စစ်တပ်ဩဇာခံပြည်သူ့စစ်များ အထောက်အပံ့ဖြင့် မူဆယ်မြို့ပေါ်တွင် ထိုအွန်လိုင်းငွေလိမ်ဂိုဏ်းများ ဆက်လက်အခြေစိုက်နေဆဲဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

စစ်တပ်ဘက်ကမူ မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်ပတ်သက်သည့် နိုင်ငံပေါင်း ၅၀ ကျော်မှ နိုင်ငံခြားသား ၇၂,၀၀၀ ကျော်ကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်.

Ref: https://www.facebook.com/myanmarnownews/posts/

Ref: https://myanmar-now.org/mm/news/80815/