စက်တင်ဘာ ၁၄ ရက်က ထိုင်းနိုင်ငံ ကမ်ဖန်းဖတ်ခရိုင်တွင် အတူအရက်သောက်နေရာမှ ထပြန်သွားသူကို အရက် ဆက်မသောက်သဖြင့်ဒေါသထွက်ပြီး နေအိမ်အထိလိုက်ကာ သေနတ်ဖြင့် ခြိမ်းခြောက်မှု ဖြစ်ပွားခဲ့သည်။
အသက် ၄၅ နှစ်အရွယ် အမျိုးသားသည် ရိုင်ဖယ်သေနတ်ကို ကိုင်ကာ ဒေါသတကြီးအော်ဟစ်ပြီး အသက် ၆၇ နှစ်အရွယ် အမျိုးသမီးကြီးနေအိမ်ပိုင်နက်အတွင်းသို့ ရောက်လာပြီး အရက်ပြန်လာမသောက်လျှင် ပစ်ခတ်ရလိမ့်မည်ဟု ယင်းအိမ်ရှင်အမျိုးသမီးကြီး၏သားအား လာရောက်ခေါ်ဆောင်ခြင်းဖြစ်သည်။
အိမ်ရှင်အမျိုးသမီးကြီး၏ ၄၄ နှစ်အရွယ်သားဖြစ်သူက အရက်မူးပြီလည်းဖြစ်ကာ မနက်အစော အလုပ်သွားရမည် ဖြစ်ခြင်းကြောင့် ဆက်မသောက်ဘဲ ပြန်လာခဲ့သည်ကို သေနတ်ကိုင်ဆောင်သူက ဒေါသထွက်ပြီး ပြန်လာသောက်ရန် ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုသည်။
ယင်းရုပ်သံကို ဒေသတွင်း ရိုက်ကူးထားသူတစ်ဦးက ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့သည်။
သေနတ်ဖြင့် ခြိမ်းခြောက်သူသည် အော်ဟစ်ခြိမ်းခြောက်မှုများအပြီး ဆိုင်ကယ်နှင့် ပြန်ထွက်သွားခဲ့ကာ သမီးဖြစ်သူ အိမ်ပြန်လာပြီးနောက် အိမ်ရှင်အမျိုးသမီးကြီးက ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သည်။
သို့သော် ရဲစခန်းက သေနတ်ကိုင်ခြိမ်းခြောက်သူကို အရေးယူကြောင်း သတင်းထွက်မလာသေးပေ။
Ref:Thethaiger