UFC Flyweight ချန်ပီယံ ဂျော့ရှုဝါဗန် ဟာ ချန်ပီယံဟောင်း အလက်ဇန္ဒား ပန်တိုဂျာ ကို ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ဒုတိယအကြိမ်မြောက် ကာကွယ်နိုင်ခဲ့ပါတယ်။
ဗန်နဲ့ ပန်တိုဂျာတို့ဟာ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပခဲ့တဲ့ UFC 331 ရဲ့ ခေါင်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
ပွဲစဉ်တစ်လျှောက် ပန်တိုဂျာက ဗန်ကို လှဲချပြီး ချုပ်ကွက်တွေနဲ့ ထိန်းချုပ်ဖို့ ကြိုးစားခဲ့သလို၊ ဗန်ကတော့ မတ်တပ်ရပ်တိုက်ပွဲမှာ လက်သီးတွဲဆိုင်းတွေ အသုံးပြုပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ပဉ္စမချီမှာလည်း ဗန်က ပန်တိုဂျာကို ချုပ်ကွက်နဲ့ ပွဲသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် အဆုံးသတ်နိုင်ခဲ့ခြင်းမရှိတာကြောင့် ပွဲဟာ ဒိုင်အဆုံးအဖြတ်အထိ ရောက်ရှိခဲ့ပါတယ်။
အသက် ၃၆ နှစ်အရွယ် ပန်တိုဂျာ အတွက်တော့ ဗန်နဲ့ ပထမအကြိမ်တွေ့ဆုံစဉ် ဒဏ်ရာကြောင့် ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရပြီး၊ အခု ဒုတိယအကြိမ် ပြန်လည်ယှဉ်ပြိုင်မှုမှာလည်း ထပ်မံရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဂျော့ရှုဝါဗန်ကတော့ UFC သမိုင်းတစ်လျှောက် ဒုတိယအသက်အငယ်ဆုံးချန်ပီယံ ဖြစ်လာခဲ့သလို အာရှရဲ့ ပထမဆုံး အမျိုးသား UFC ချန်ပီယံအဖြစ်လည်း မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။ ယခုအနိုင်ရလဒ်နဲ့အတူ Flyweight ချန်ပီယံအဖြစ် သူ့ရဲ့ အနေအထားကို ထပ်မံခိုင်မာစေခဲ့ပါတယ်။
