အီရန် နပန်းသမား အလီ ဟီဘာတီကတော့ ပွဲမစမီမှာတင် ပြုလုပ်ခဲ့တဲ့ ရစရာမရှိအောင် ရုပ်ဆိုးလှတဲ့ လုပ်ရပ်ကြောင့် သူရဲ့ ကစားသမားဘဝကို အစဆုံး ရုတ်တရက် နိဂုံးချုပ်လိုက်ရပါပြီ
ပွဲစဉ် ပထမအချီ စတင်ကြောင်း ဆိုင်းဘုတ်ကိုင်မြှောက်ပြတဲ့ Ring Girl အမျိုးသမီးငယ်လေးကို ဟီဘာတီ က ပရိသတ်တွေရှေ့မှာတင် အကြောင်းပြချက် မရှိဘဲ ခြေထောက်နဲ့ ကန်ထုတ်လိုက်တာပဲ ဖြစ်ပါတယ်
ဒီလို စက်ဆုပ်ဖွယ် လုပ်ရပ်ကို မြင်တွေ့လိုက်ရတဲ့ ပွဲကြည့်စင်ပေါ်က ပရိသတ်တွေဟာ ချက်ချင်းဆိုသလို ဒေါသတကြီး တုံ့ပြန်ခဲ့ကြပြီး ကွင်းတစ်ခုလုံး လှောင်ပြောင် ကြိမ်းမောင်းသံတွေနဲ့ ဆူညံသွားခဲ့တာပါ
အားကစားစိတ်ဓာတ်ကို မြှင့်တင်ရမယ့်အစား စည်းကမ်းမဲ့ ရိုင်းစိုင်းတဲ့ အမူအယာကို လူသိရှင်ကြား ပြသခဲ့တာကြောင့် ပွဲစီစဉ်သူတွေကလည်း နှောင့်နှေးမနေဘဲ ဟီဘာတီ ကို နပန်းလောကကနေ တစ်သက်တာ ပိတ်ပင် Lifetime Ban လိုက်ပါတယ်
ဒါဟာ ဘယ်လို ဖိအား ဒါမှမဟုတ် အဆင့်အတန်းမျိုးမှာပဲရှိရှိ အမျိုးသမီးတွေအပေါ် မလေးမစား ပြုမူမှုနဲ့ အကြမ်းဖက်မှုကို အားကစားလောကမှာ လုံးဝ လက်မခံဘူးဆိုတဲ့ ပြတ်သားတဲ့ သတိပေးချက်တစ်ခုပါပဲ။
ပြင်းထန်လှတဲ့ ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်လိုက်ရပြီးနောက်မှာတော့ ဟီဘာတီ ဟာ လူသိရှင်ကြား ပြန်လည် တောင်းပန်ခဲ့ရပါတယ်
သူဟာ ပွဲမစမီ စိတ်လှုပ်ရှားမှုနဲ့ ဒေါသ ထန်းမရဖြစ်ခဲ့ရတာကြောင့် အမှားကျူးလွန်မိခြင်းဖြစ်ကြောင်းနဲ့ အဆိုပါ အမျိုးသမီးကိုလည်း တိုက်ရိုက် တောင်းပန်ပါကြောင်း ထုတ်ဖော်ပြောကြားခဲ့တာပါ။ သူဟာ အိမ်ထောင်ရှင်တစ်ယောက်ဖြစ်ပြီး အမျိုးသမီးတွေကို လေးစားသူပါလို့ ဆင်ခြေပေးခဲ့ပေမဲ့လည်း သူ့ရဲ့ ကျဆင်းသွားခဲ့တဲ့ ဂုဏ်သိက္ခာနဲ့ အားကစားဘဝကိုတော့ ဘယ်လိုမှ ပြန်လည် ဆယ်တင်လို့ မရတော့ပါဘူး
Ref: https://www.facebook.com/tuntun.tntn/posts/