ထိုင်းနိုင်ငံတွင် နှလုံးအစားထိုးကုသမှု ခွဲစိတ်ကုသခံယူမည့် လူနာတစ်ဦးအတွက် နှလုံးအင်္ဂါအစိတ်အပိုင်း အမှတ် (၁၈၄) ကို ဒွန်မောင်းလေဆိပ်မှ ဆိရီရတ်ဆေးရုံသို့ အချိန် ၂၂ မိနစ်အတွင်း ရောက်ရှိအောင် အရေးပေါ် ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း (Royal Project Traffic Policeက သတင်းထုတ်ပြန်ခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့၊ ညနေ ၅ နာရီ ၆ မိနစ်တွင် ဗဟိုရေဒီယိုဌာနချုပ်ထံမှ အကြောင်းကြားစာ ရရှိခဲ့ပြီးနောက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက လမ်းကြောင်းရှင်းလင်းရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရန် ချက်ချင်း ကူညီဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အသက်ကယ်ဆယ်ရေး လုပ်ငန်းစဉ်အား သတ်မှတ်ချိန်အတွင်း ဆရာဝန်များထံ အောင်မြင်စွာ ပို့ဆောင်ပေးနိုင်ခဲ့သည့်အတွက် ဝိုင်းဝန်းကူညီပေးခဲ့ကြသည့် နယ်မြေခံ ယာဉ်ထိန်းရဲများ၊ အမြန်လမ်း ယာဉ်ထိန်းရဲများနှင့် လမ်းအသုံးပြုသူ ပြည်သူများအားလုံးကို တာဝန်ရှိသူများက ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။
