အမေရိကန် လေယာဉ်တင်စစ်သင်္ဘော “USS Abraham Lincoln” က ဒီနေ့မှာ ထိုင်းဆိပ်ကမ်းကို ကမ်းကပ်

စစ်သားထောင်နဲ့ချီလိုက်ပါလာတဲ့ အမေရိကန်ရဲ့နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်စစ်သင်္ဘော “USS Abraham Lincoln” က ဒီနေ့မနက် ၉ နာရီခန့်မှာ ထိုင်းရဲ့လန်ချဘန်ဆိပ်ကမ်းကို ကမ်းကပ်တော့မယ်လို့ မြေပြင်မှာရှိနေသူတချို့ဆီက သိရပါတယ်။

ဒါပေမဲ့ အပန်းဖြေမယ့်စစ်သားတွေအတွက် ကန့်သတ်ချက်တချို့လည်း အမေရိကန်ရေတပ်ဘက်က ကြေညာထားပါတယ်။ ပတ္တယားက ဆေးခြောက်အရောင်းဆိုင်တွေကိုသွားခွင့်မရှိသလို လေထီးစီးတာ (paragliding) နဲ့ ရေပြင်ထဲမြန်နှုန်းမြင့်ယာဉ်မောင်းနှင်တာ (jet-skis) လိုပင်လယ်ပြင်အားကစားလုပ်တာတွေကိုလည်း ကန့်သတ်ထားပါတယ်။

အမေရိကန်ရေတပ်၏ USS Abraham Lincoln လေယာဉ်တင်သင်္ဘောက ထိုင်းနိုင်ငံသို့ ဗုဒ္ဓဟူးနေ့၌ ရောက်ရှိလာခဲ့ပြီး ရှစ်လကျော်အတွင်း ပထမဆုံးအကြိမ် ဆိပ်ကမ်းဝင်ရောက်လာခြင်း ဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသတွင် လပေါင်းများစွာ ပင်လယ်ပြင်၌ စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ခဲ့ပြီးနောက် သင်္ဘောသားများ၏ နေထိုင်ရေးနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေများအပေါ် စိုးရိမ်မှုများ မြင့်တက်ခဲ့သည့် ကာလရှည် ပင်လယ်ပြင်တာဝန်ကို ယခု ခရီးစဉ်ဖြင့် ခေတ္တရပ်နားလိုက်ခြင်းလည်း ဖြစ်သည်။

တန်ချိန် ၁၀၀,၀၀၀ ခန့်ရှိသည့် အဆိုပါ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့် နိုဝင်ဘာလက ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယာဂိုမှ ထွက်ခွာခဲ့ခြင်းဖြစ်သဖြင့် ယခုနှစ်နှောင်းပိုင်းတွင် အမေရိကန် တောင်ပိုင်းကယ်လီဖိုးနီးယားသို့ ပြန်လည်ရောက်ရှိလျှင် အမေရိကန်ရေတပ်သမိုင်းတလျှောက် အရှည်ကြာဆုံး တာဝန်ထမ်းဆောင်မှုများထဲမှ တခုအား ပြီးမြောက်စေမည့် တာဝန်ထမ်းဆောင်မှု ဖြစ်ပေမည်။

Ref: https://www.facebook.com/BBCnewsBurmese

Ref: https://www.bbc.com/burmese/live/cqn74vx4n70mt