ရုရှားတွင် တောင်ပေါ်ရေခဲများ ပြိုဆင်း၍ အနည်းဆုံး ၁၁ ဦး သေဆုံး

ရုရှားနိုင်ငံ၏ မြောက်ကော့ကေးဆပ်ရှိ ကာဘာဒီနို-ဘယ်ကာရီယာ‌‌ဒေသတွင် တောင်ပေါ်နှင်းထုနှင့် ရေခဲများပြိုဆင်း၍ တောင်တက်သမားအုပ်စုတစ်စုအပေါ် ကျရောက်ခဲ့ပြီးနောက် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရုရှားအရေးပေါ်ဌာနက ပြောကြားသည်။

မြောက်ကော့ကေးဆပ်ရှိ အမြင့်ဆုံး တောင်တစ်ခုဖြစ်သော Mount Mizhirgi ၌ ဒေသစံတော်ချိန် ယမန်နေ့ ညနေ ၅ နာရီခွဲခန့်တွင် ရေခဲများပြိုဆင်းခဲ့ပြီး တောင်တက်သမား ၃၃ ဦးကို ရိုက်ခတ်ခဲ့သည်။

ယနေ့ နံနက် ၉ နာရီခန့်တွင် ‌တောာင်တက်သမား ၁၀ ဦးက ၎င်းတို့ဘာသာ တောင်အောက်သို့ ဆင်းလာနိုင်ခဲ့ပြီး အခြားတောင်တက်သမား ၆ ဦး၏ ကံကြမ္မာကို မသိရသေးကြောင်း အရေးပေါ်ဌာနက ပြောသည်။

ယင်းတောင်ပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အရေးပေါ်လုပ်သား ၅၀ ကျော် ပါဝင်နေကြပြီး ခက်ခဲသောမြေမျက်နှာသွင်ပြင်နှင့် ရေခဲနှင့် နှင်းထုများ ထပ်မံ ပြိုကျနိုင်သော အန္တရာယ်များကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေကြောင်း ၎င်းတို့က ပြောကြားကြသည်။

ယခုနောက်ပိုင်း ကမ္ဘာတစ်ဝန်းမှ ရေခဲများဖုံးလွှမ်းနေသော တောင်များတွင် ရေခဲနှင့် နှင်းထုများ ပြိုကျမှု မကြာခဏ ဖြစ်‌ပေါ်ကာ လူများအသက်ဆုံးရှုံးမှုများ ခပ်စိပ်စိပ်ဖြစ်ပေါ်နေပြီး ရာသီဥတုပြောင်းလဲမှုကို အပြစ်တင်နေကြသည်။

Ref:REUTERS

Ref: https://www.facebook.com/MeKongNewsMM/posts/

Ref: https://www.facebook.com/DailySharingHub/posts/