တာချီလိတ်တွင် တရုတ်နိုင်ငံသား ၅ ဦးအပါ အွန်လိုင်းလောင်းကစားသူ ၅၆ ဦးကို ဖမ်းဆီး

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်မှာ အွန်လိုင်းလောင်းကစားသူ ၅၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီသတင်းအရ သိရသည်။

ယမန်နေ့ စက်တင်ဘာ ၉ ရက်၊ ညနေ ၄ နာရီခန့်မှာ ဝမ်ကောင်းရပ်ကွက်အတွင်းက နေအိမ်တစ်လုံးမှာ တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၅ ဦးနှင့် အမျိုးသမီး ၂၆ ဦး စုစုပေါင်း ၅၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ ကွန်ပျူတာ ၆၀ လုံး၊ Wi-Fi စက် ၅ လုံး၊ စားပွဲ ၁၄ လုံး၊ ထိုင်ခုံ ၅၁ လုံးနှင့် လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး အပါအဝင် ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

လက်ရှိမှာ ဖမ်းဆီးရမိသူတွေကို စစ်ဆေးမှုများလုပ်ဆောင်နေပြီး စစ်ဆေးပြီးစီးပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ဆိုသည်။

Ref: https://www.facebook.com/MeKongNewsMM/posts/