ဩဂုတ်လ ၈ ရက် မနက် ၅ နာရီခွဲ ထွက်ခွာတဲ့ ရန်ကုန်-ပြည် DEMU ရထားခရီးစဉ်မှာ အိမ်သာ ဘိုထိုင်ရေပိုက်ကို လူအများသုံးမရအောင် ရိုက်ချိုးထားပြီး အိမ်သာကြမ်းခင်းတစ်ခုလုံး ရေမြုပ်နေအောင် ပြုလုပ်ထားခဲ့တယ်လို့ ရင်ဆိုင်ခဲ့ရတဲ့ ခရီးသည်တွေက ထုတ်ပြောလာပါတယ်။
ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား ဘိုထိုင်အိမ်သာ မသုံးတတ်လို့ ဖြစ်သွားတာလားတော့ အငြင်းပွားစရာဖြစ်ပေမယ့် ကျန်ခရီးသည်တွေ အိမ်သာသုံးမရဖြစ်ခဲ့ရပါတယ်။
