Oishi ဝန်ထမ်း “ဖေး” ထိုင်းထီပထမဆု ပေါက်ပြီး ဘတ် ၁၂ သန်း ဆွတ်ခူး

ထိုင်းနိုင်ငံမှာ Oishi ဝန်ထမ်းတစ်ဦးဖြစ်တဲ့ “ဖေး” ဟာ စတင်ဘာလ ၁၆က်နေ့ထွက်တဲ့ ထိုင်းထီ ပထမဆု နှစ်စောင်တွဲပေါက်ခဲ့ပြီး ဆုငွေ ဘတ် ၁၂ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

ဖေးရဲ့ သူငယ်ချင်းတွေက သတင်းကြားတဲ့အချိန်မှာ အလွန်ဝမ်းသာပြီး အော်ဟစ်ဂုဏ်ပြုခဲ့ကြပါတယ်။ သူငယ်ချင်းတွေကတော့ ထီပေါက်လို့ ဝမ်းသာတာတင်မကဘဲ သူငယ်ချင်းရဲ့ဘဝ ပိုမိုကောင်းမွန်တဲ့ဘက်ကို ပြောင်းလဲသွားတော့မယ့်အတွက်ပါ ဝမ်းသာမိတယ် လို့ ဆိုပါတယ်။

ဖေးအတွက် ဆုငွေ ဘတ် ၁၂ သန်းဟာ ပျော်ရွှင်မှု၊ ဘဝတည်ငြိမ်မှုနဲ့ ကောင်းမွန်တဲ့အခွင့်အလမ်းတွေကို ယူဆောင်လာပေးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးနေကြပါတယ်။

“ဖေး” တစ်ယောက် ဘဝတစ်ဆင့်မြင့်သွားပြီနော်…

ပျော်ရွှင်တဲ့ သန်းကြွယ်သူဌေးဘဝကို ပိုင်ဆိုင်နိုင်ပါစေ။

Ref: https://www.facebook.com/DailySharingHub/posts/